ပခုက္ကူတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ

ပခုက္ကူ ဇူလိုင် ၂၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်နှင့် တာဝန်ရှိသူများ သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါသင်တန်းတွင် ပခုက္ကူတက္ကသိုလ် ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၉၂ ဦးတက်ရောက်ခဲ့ပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံဘာသာရပ်များကို ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်အထိ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)