ကံမမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်

ကံမ ဇူလိုင် ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး ပင်စင်လစာငွေထုတ်ပေးသည့် နေ့တိုင်း  မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကံမမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထက်နှင့်ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး ဂဏန်း(၁၀)လုံးပါသော Unique ID နံပါတ်ပါစာရွက်ပြန်လည်ထုတ်ပေးခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ် မြို့နယ်မန်နေဂျာနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)