ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ကွင်းဆင်းဆောင်ရွက်

ငပုတော ဇူလိုင် ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လူငယ်သိပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လူငယ်အသိပညာပေးပြပွဲများ ပြသခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲလှုပ်ရှားမှုများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်သီတာက စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားဦးစီးမှူး ဒေါ်ယွန်း‌ရွှေရည်မြင့်က ကျောင်းသားလူငယ်လေးများနှင့် မျက်မောက်ခေတ် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူးက စားသုံးသူများ ကာကွယ်‌ရေး ဥပဒေအသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများသည် ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် အသိပညာပေး စာအုပ်စာစောင်ပြခန်းတို့ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်သူ