ပလောက် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ကာ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၁) ရပ်ကွက်၌ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းအား ပလောက်မြို့၊ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာမမှ ဦးဆောင်ကာ ကျန်းမာရေးဌာနဝန်ထမ်းများ၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌ ရေလဲလှယ်ရခက်ခဲသော ရေတွင်း၊ ရေကန်များနှင့် ရေပုံးများအား အဘိတ် (Abate) ဆေးခပ်ခြင်းနှင့် ပိုးလောက်လန်းများ ပေါက်ဖွားနေသော ရေပုံးများ၊ ရေကန်များနှင့် တာယာကွင်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)