အင်္ဂပူမြို့နယ် ကဇင်းကြီးကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ထွန်တုံးပိတ်ပွဲပြုလုပ်

အင်္ဂပူ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မေတ္တာကုန်းကျေးရွာအုပ်စု၊ ကဇင်းကြီးကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ရေတော်မိုး‌တော် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မေတ္တာကုန်းအုပ်စု၊ ကဇင်းကြီးကျေးရွာ၊ ကွင်းအမှတ်(၇၆၈)၊ ဦးပိုင်အမှတ် ၅/၁ ရှိ တောင်သူ ဦးစောမိုးကြည်၏ လယ်မြေ ၁၅.၀၀ ဧက၌ ရေတော်မိုးတော် မိုးစပါးထွန်တုံးပိတ်ပွဲ ဆောင်ရွက်မှုအား မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါထွန်တုံးပိတ်ပွဲသို့ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ. ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်ကော်မတီဝင်များ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်