ငရုတ်ကောင်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ပေါ် ရပ်ကွက်များအတွင်း မိုးရာသီရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်းအတွင်း မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ငရုတ်ကောင်းမြို့ပေါ်ရပ်ကွက် (၂)လမ်းမတော်လမ်းအတွင်း ဘေးဝဲ/ယာ ရေစီးရေလာကောင်းမွန်ရေးအတွက် မြေသားရေနုတ်မြောင်းဖော်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်တို့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ငရုတ်ကောင်းမြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေရန် ဆောင်ရွက်ခြင်း၊ ပလပ်စတစ်သုံးစွဲမှုလျော့ချရေး စသည့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် မြို့စည်ပင်သာယာရေးအဖွဲ့မှ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)