မော်လမြိုင်ကျွန်းမြို့နယ်၌  ဒီရေတောသစ်ပင် စိုက်ပျိုးပွဲကျင်းပ

မော်လမြိုင်ကျွန်း    ဇူလိုင်    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရှောက်ချောင်း ကျေးရွာအုပ်စု ငွေသဇင် (၂)ကျေးရွာတွင် ဆောင်ရွက်သည်။

အဆိုပါဒီရေတောသစ်ပင်စိုက်ပျိုးရာတွင် သစ်ပင်၊ ဒီရေတောများ တည်ရှိခြင်းကြောင့် မိုးရွာသွန်းမှုကို အချိန်မှန်မှန်ဖြစ်ပေါ်စေခြင်း၊ သဘာဝပတ်ဝန်းကျင် မြေဆီလွှာ၊ ရာသီဥတု၊ လေမုန်တိုင်း၊ သဘာဝဘေးအန္တာရာယ်များကို နည်းမျိုးစုံဖြင့် ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ ကြောင်းသိရသည်။ ထို့နောက်မြို့နယ်သစ်တော ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲလင်းမောင် နှင့်သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်များ၊ ကျေးရွာ အခြေခံပညာမူလတန်းမှ  ကျောင်းသူ/ ကျောင်းသားများ၊ ရွာသူ/သားများက  စုပေါင်း၍ ဒီရေတောပျိုးပင်များဖြစ်သည့် သမဲ့ကြီး(၅၀)ပင်၊ ဗြူးရွှေဝါ(၅၀)ပင်၊ လမု (၇၅၀) ပင် စုစုပေါင်းပျိုးပင်(၈၅၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသိရသည်။

ရဲကိုမောင် (ပြန်/ ဆက်)