ဘိုကလေးမြို့နယ်တွင် ကဏ္ဍစုံအသိပညာပေးဟောပြောပွဲများကျင်းပ

ဘိုကလေး ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဘိုကလေးမြို့၊ အခြေခံပညာ လေ့ကျင့်ရေး အလယ်တန်းကျောင်းသို့ ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ကွင်းဆင်းကာ ကျောင်းသား/သူများအား ကဏ္ဍစုံ အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ကြသည်။

အသိပညာပေး ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က “လူငယ်တို့ အနာဂတ်လှပဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားစေရေး တိုက်တွန်းမှုများကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက ဆိုးဆေးများ၏ အန္တရာယ်များ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ ဘေးထွက်ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က စနစ်တကျအမှိုက်စွန့်ပစ်တတ်စေရေးအတွက် အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်မှုဆိုင်ရာ များကိုလည်းကောင်း ကျောင်းသား/သူများအား အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကြောင်းနှင့် ဟောပြောမှုများအပြီးတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများအား မီးခိုးမြူငွေ့ အန္တရာယ်၊ စနစ်တကျအမှိုက်စွန့်ပစ်ရေး အသိပညာပေးတို့ပါရှိသည့် ကဏ္ဍစုံ နံရံကပ်စာ စောင်များအားအသိပညာပေး ပြသခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)