ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ဟင်္သာတတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသွေးလှူဒါန်း

ဟင်္သာတ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား/ သူများမှ ယနေ့နံနက်ပိုင်းက  စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် သွေးလှူရှင် ကျောင်းသား၊ ကျောင်းသူများအား သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစားနှင့် လိုအပ်သော ဆေးစစ်မှုများစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာဆွေဆွေယု ဦးဆောင်သော ကျောင်းသား/သူ (၇၀)ဦးမှ သွေးအမျိုးအစား အုပ်စုများအလိုက် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခြင်းနှင့် သွေးလှူရှင်ကျောင်းသား/သူများအား အာဟာရဖြည့်အစား အစာများ၊ အချိုရည်များနှင့် ဆေးဝါးများပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသော ဒေါက်တာ မိုးမင်းစိုး၊ ဒေါက်တာ ချိုကြည်သန်း၊ ပါမောက္ခ/ဌာနမှူးများ၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းနှင့် သွေးလှူဘဏ်မှ တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ဟင်္သာတခရိုင် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦး၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ သွေးလှူရှင် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်/ပြန်ဆက်(ဟင်္သာတ)