ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ပေး

ပခုက္ကူ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးရဲအောင်နှင့်ဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော နိုင်ငံ့ဝန်းထမ်းအငြိမ်းစားများအား Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့်ကိုယ်ရေး အချက်အလက်ထည့်သွင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်မှ ၂၂ ရက်နေ့အထိ အမျိုးသား ၁၂၀ ဦး၊ အမျိုးသမီး ၂၀၆ ဦး စုစုပေါင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၄၁၈ ဦးတို့အတွက် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ကျန်ရှိသူများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ပင်စင်လစာများထုတ်ယူရာတွင် လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်ရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID နံပါတ်များ Centralized e-Pension Program တွင် ထည့်သွင်းနိုင်ရန် UID နံပါတ်များ ထုတ်ပေးရေးကို အထူးဦးစွားပေးအစီအစဉ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးရဲအောင်ထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)