စေတုတ္တရာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

စေတုတ္တရာ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေး၊ လူငယ်၊ လူရွယ်၏ အဓိပ္ပါယ်ဖော်ပြချက်၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရည်မှန်းချက် (၆) ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မများနှင့်ကာတွန်း၊ ဆောင်ပုဒ်များ ကဏ္ဍစုံလင်စွာပါရှိကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပါရှိသည့် က‌လေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)