ဘိုကလေးမြို့နယ်တွင် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဘိုကလေး ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၁ဝ)နာရီတွင် ဘိုကလေးမြို့၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၆၂)တွင် ကျင်းပဆောင်ရွက်သည်။

အဆိုပါ သစ်ပင်စိုက်ပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်နိုင်ဖြိုးနှင့် သစ်တောဝန်ထမ်းများ၊ ပေါက်စိန်ကျ‌‌ကျေးရွာမှ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၀)ဦး ခန့်တက်ရောက်၍ တက်ရောက်သူများအားလုံးစုပေါင်းကာ ဒီရေတောပျိုးပင်များဖြစ်သည့် သမဲ့ကြီး(၆၀၅) ပင်၊ ဗြူးရွှေဝါ (၆၀၅)ပင်၊ စုစုပေါင်း(၁၂၁၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)