မြောင်းမြ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ရတီထူးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးညီညီလှိုင်က ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါပြဋ္ဌာန်းချက်များ၊ အခွန်အမျိုးအစားနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများနှင့် တည်ဆဲအခွန်ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို Power Point ဖြင့်တကွ ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြောင်းမြခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)