ဇလွန်မြို့နယ်၌ မိုးတွင်းကာလတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများအား စက်ယန္တရားဖြင့် တူးဖော်ဆောင်ရွက်

ဇလွန် ဇူလိုင်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ မိုးတွင်းကာလတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများအား စက်ယန္တရားဖြင့် တူးဖော်ဆောင်ရွက်နေမှုအား ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဇလွန်​မြို့ပေါ်ရပ်ကွက်များနှင့် ဇလွန် - ရန်ကုန် ကားလမ်းမကြီး လမ်းဘေး ဝဲ /ယာရှိ ရေနုတ်မြောင်းများအား မိုးတွင်းကာလတွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းများအား စက်ယန္တရားဖြင့်တူး​ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ မရှိစေရေးအတွက် ရေနုတ်​မြောင်းများဖောက်လုပ်ပြီး ရေစီးရေလာကောင်းမွန်စေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူထံမှ သိရပါသည်။

ဝေယံ(ပြန်/ဆက်)