ဟုမ္မလင်းမြို့၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ဟုမ္မလင်း ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို‌ ယမန်နေ့နံနက်(၇)နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။၊

ဟုမ္မလင်းမြို့၌ မြန်မာ့စီးပွားရေးဘဏ်တွင်၊ လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများမှ မြို့ပြပင်စင်၊ ( ၅၉၇) ဦး၊ ကာကွယ်ရေးပင်စင် (၅၁၈)ဦး၊ နိုင်ငံရေးပင်စင်(၁၅၆)ဦး၊ ရံတပ်ဖွဲ့ပင်စင် (၇၄)ဦး၊ စီးပွားဘဏ်ပင်စင်(၆)ဦး စုစုပေါင်း (၁၃၅၁)ဦးရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ပါကြောင်း လစဉ်ပင်စင်ထုတ်ယူသူများအတွက်၊ လစဉ် (၂၁)ရက်နေ့မှ လကုန်ရက်နေ့အထိ ထုတ်ပေးလျက်ရှိပါကြောင်းနှင့် လပေါင်း၍ ပင်စင်ထုတ်ယူသူများအတွက် အစိုးရရုံးဖွင့်ရက်နေ့တိုင်း ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာ၊ ဦးအောင်သန့်ဇင်ထံမှ သိရသည်။         

ဟုမ္မလင်း (ပြန်/ဆက်)