နတ်မောက် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်အနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးက အမျိုးသမီးရေးရာအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရင်မိုးက အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရ ခွဲခြားသတ်မှတ်သည့် ကျား/မရေးရာစံနှုန်းများအပေါ်အခြေပြု၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်ထိခိုက်နစ်နာစေရန် ကျူးလွန်သည့် ထိခိုက်နစ်နာစေမှု (သို့မဟုတ်) ဝေဒနာခံစားမှုများကို ဖြစ်ပေါ်စေသည့်အပြုအမူများ၊ ထိုအပြုအမူများပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းနှင့်လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်သည့် အခြားအပြုအမူများပါဝင်ကြောင်း၊ အကြမ်းဖက်မှုအမျိုးအစားများမှာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အကြမ်းဖက်ခြင်းနှင့် အကြမ်ဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများဖြစ်သော ကျား၊ မတန်းတူညီမျှမရှိခြင်း၊ အခွင့်အာဏာမရှိခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများမှာ ရင်းနှီးကျွမ်းဝင်သောလက်တွဲဖော်မှ အကြမ်းဖက်မှု၊ ကလေးများနှင့် မိန်းကလေးငယ်းများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစသည့် အကြောင်းအရောများကို ရှင်းလင်းပြောကြားခဲ့သည်၊။ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း