နတ်မောက် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး(ဦးစီးအရာရှိ-တွဲဖက်)က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသော အသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေပါကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ ကလေးများကိုအန္တရာယ်ရှိစေနိုင်သည့်အလုပ်၊ ပြင်းထန်ပြီးထိခိုက်ဒဏ်ရာရစေသည့်အလုပ်၊ ဖိစီးမှုများသည့်အလုပ်၊ ပင်ပန်းကြီးစွာ လုပ်ရသောအလုပ်များကို ခိုင်းစေမှုမပြုရကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မူမူစန်း