စေတုတ္တရာ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများတွင် မီတာ(၁၀၀၀)၊ မီတာ(၁၅၀၀) အပြေးပြိုင်ပွဲ၊ ပြေးခုန်ပြစ်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများဖြစ်ပြီး မြို့နယ်အဆင့်အားကစားပြိုင်ပွဲများတွင် ရွေးခြယ်ခံရသူများအား ခရိုင်အဆင့်အားကစားပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)