မြောင်းမြ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ Happy ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်နှင့်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၃းဝ၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက မြောင်းမြခရိုင်အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့ ဗိုလ်လုပွဲစဉ်အနေဖြင့် ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆု ရရှိသည့် ဖျာပုံအသင်းအား တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဂိုးသမားဆုတို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပွဲကြည့်ပရိသတ်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဇေယျာ