မြို့သစ် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ပုံမှန်ထုတ်ပေးလျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့သစ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေ ထုတ်ယူမည့် သူစုစုပေါင်းဦးရေ(၁၂၅၄)ဦးခန့်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)