စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်

စေတုတ္တရာ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း ယနေ့နံနက် (၇) နာရီအချိန်က စတင်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်ထုတ်ယူရာ၌ အခက်အခဲမရှိ လွယ်လင့်တကူထုတ်ယူနိုင်စေရန်၊ နံပါတ်(၁၀)လုံးပါ UID ကတ်များကို နေ့ချင်းပြီး ကွင်းဆင်း၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ UID ကတ်များကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ နယ်မြေတာဝန်ခံများက မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများနှင့်ပူးပေါင်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား UID ကတ်နှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နယ်မြေတာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ခံများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)