အထက်မင်းလှ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID (Uniuqe Identity) ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါဘဏ်ရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများ၏ Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ ပြုလုပ်ကာ UID နံပါတ်များကို ထုတ်ပေးခြင်းဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ထံက သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)