လိပ်သို ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်ဖြစ်သော တညင်းပင်များကို မိမိတို့၏ ဥယျာဉ်ခြံများတွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြရာ တညင်းသီးများ လှိုင်လှိုင်ပေါ်ချိန် ဆွတ်ခူးရောင်းချရာတွင် စျေးနှုန်းကျဆင်းလျက်ရှိနေကြောင်း သိရသည်။
တညင်းသီးများ စိုက်ပျိုးမြေနှင့်ရာသီဉတုပေါ်မူတည်၍ အသီးရင့်ချိန်မတူညီကြောင်း၊ ယခင်လ တညင်းသီးပေါ်ဉီးစအချိန်၌ တစ်ပုံးလျှင် (၃၀၀၀ဝိ/-) ကျပ်အထိ စျေးရရှိခဲ့သော်လည်း တညင်းသီးလှိုင်လှိုင်ပေါ်ချိန်တွင် လိပ်သိုမြို့ပေါ်၌ တညင်းသီးတစ်ပုံးလျှင် (၂၅၀၀ဝိ/-) ကျပ်နှင့် လိပ်သိုမြို့အနီးရှိ ကျေးရွာများတွင် တညင်းသီးတစ်ပုံးလျှင် (၂၀၀၀ဝိ/-)ကျပ်မှ (၂၂၀၀ဝိ/-)ကျပ် အထိသာ စျေးရရှိနေကြောင်း သိရသည်။
အဆိုပါတညင်းသီး ဆွတ်ခူးရန်အတွက် အလုပ်သမားတစ်ဉီးလျှင် နေ့စားခ တစ်ရက် (၂၀၀၀ဝိ/-) ကျပ်နှင့် အခွံနွှာခတစ်ရက်လျှင် (၁၅၀၀ဝိ/-)ကျပ် ငှားရမ်းရသောကြောင့် တညင်းစိုက်တောင်သူများအနေဖြင့် တညင်းသီးစျေးနှုန်းများ ပြန်လည်မြင့်တက်လာရန် မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ်