လေးမျက်နှာမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့  ငဝန်မြစ်ရေမြင့်တက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

လေးမျက်နှာ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့  မြစ်ရေမြင့်တက်နေမှုအခြေအနေအား ယမန်နေ့နေ့လယ်ပိုင်းက ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လှူဖွယ်ဝတ္ထုများလှူဒါန်း၍ ငဝန်မြစ်ရေမြင့်တက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ခတ္တူအုပ်စု ငဝန်တံတားတွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များအား ဆန်(၃)အိတ်၊ ဆီ(၁)ဗူး၊ ခေါက်ဆွဲခြောက်(၅)ဖာ၊ ကော်ဖီမစ်(၅)ဖာ၊ ရိုင်ရယ်ဒီ(၅)ကဒ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)