ခမောက်ကြီးမြို့တွင်(၇၈)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲအခမ်းအနားကျင်းပ

ခမောက်ကြီး ဇူလိုင် ၁၈

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ  ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို၊  အ.လ.က ယုဇနအခြေခံပညာအလယ်တန်းကျောင်းတွင် ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း (၁) နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲအခမ်းအနားကို ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး အ.လ.က ယုဇန အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်နွယ်မှ အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံး တန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်၍ ထိုနေ့ကို ကျောင်းသား ကျောင်းသူများအားလုံး သိရှိထားကြရန်လိုအပ်ကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းခဲ့မှုသမိုင်းအကြောင်း၊  အာဇာနည်ခေါင်းဆောင်ကြီးများအား  အတုယူ၍ အနာဂတ်သားကောင်းရတနာများပေါ်ထွန်းစေရေးတိုကိုပြောကြားခဲ့သည်။

ဆက်လက်၍ အလယ်တန်းကျောင်းသားကျောင်းသူများက အာရှသူရဲကောင်းသီချင်းဖြစ် သီဆိုဖျော်ဖြေခဲ့ပြီး ကျောင်းသားကျောင်းသူများမှ အာဇာနည် (၉)ဦး၏ အတ္ထုပ္ပတ္တိများကို အသီးသီးပြောကြားခဲ့သည်။ ထို့နောက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီစသည့်ပြိုင်ပွဲမှ ဆုရ ကျောင်းသားကျောင်သူများကို ဆုများအသီးသီးပေးကြားခဲ့ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)