ဟိုင်းကြီးကျွန်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမြင့်ဆန်းမှ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ဖြစ်ပေါ်လာစေရန်နှင့် လူမှုပတ်ဝန်းကျင်၏ ညစ်ညမ်းမှုအခြေအနေမှ လျော့ကျစေရန်ရည်ရွယ်ပြီး အသိပညာပေး သရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဝန်ထမ်းများမှ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းအား ပါဝင်သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက် စသည့် အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)