ပခုက္ကူ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင် ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့် ၄၈ ဦး၊ အလယ်တန်းအဆင့် ၃၆ ဦး၊ အထက်တန်းအဆင့် ၁၆ ဦး၊ ကဗျာပြိုင်ပွဲတွင် အလယ်တန်းအဆင့် ၃၀ ဦး၊ အထက်တန်းအဆင့်တွင် ၁၃ ဦး၊ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ၅၃ ဦး၊ အလယ်တန်းအဆင့် ၃၆ ဦး၊ အထက်တန်းအဆင့် ၁၂ ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ ၂၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
ထို့အပြင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော် ဦးဆောင်သောဝန်ထမ်းများက (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)