ဟုမ္မလင်းမြို့တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဟုမ္မလင်း ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၅ ခုနှစ် (၇၈) နှစ် မြောက်၊အာဇာနည်နေ့ အထိမ်းအမှတ်စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၈) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်ကအာဇာနည်နေ့နှင့်ပတ်သက်သည့် သမိုင်းကြောင်းနှင့်ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ (၇၈) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ ရာဟုမ္မလင်းမြို့မူလွန် အ.မ.က (၁) မှ မူလတန်းအထက်ဆင့် ကျောင်းသားကျောင်းသူ (၃၀) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင်ဆုရရှိကြသည့်၊ ကျောင်းသား၊ ကျောင်းသူများအား၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်ကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကခင်းကျင်းပြသထားသော (၇၈) နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)