ပလောက် ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပလောက်မြို့ ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝရထံမှ ငါးပါးသီလခံယူခဲ့ကြသည်။
ထို့နောက် ပညာရေးမိသားစုများက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုရားကြီးကျောင်းတိုက်ဆရာတော်က ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပလောက် (ပြန်/ဆက်)