စေတုတ္တရာ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စေတုတ္တရာမြို့မြို့နယ်အတွင်းရှိ ကျောင်းသား/သူများအား ငှက်ဖျားရောဂါတိုက်ဖျက်ရေး အထူးအစီအစဉ်ဖြင့် ကွင်းဆင်းလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ငှက်ဖျားရောဂါတိုက်ဖျတ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကိုကိုဇင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက စေတုတ္တရာမြို့နယ်အတွင်းရှိ ငှက်ဖျားရောဂါအသိပညာပေးဟောပြောများပြုလုပ်ပြီး ငှက်ဖျားရောဂါပိုး ရှိ/မရှိစစ်ဆေးရာ လူဦးရေ (၂၁၅) ဦးအား စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာများမရှိပါကြောင်း ကျန်းမားရေးဦးစီးဌာနဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)