ကျုံပျော် ဇူလိုင် ၁၈
ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြုလုပ်သည်။
အဆိုပါပြိုင်ပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းသားကျောင်းသူ (၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အာဇာနည်မြတ် မမေ့အပ်ခေါင်းစဉ်ဖြင့် ပါဝင်ရေးသားယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)