ကန်ကြီးထောင့် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ(၁၇)ရက်နေ့ကကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားအာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (CommunityCentre) အခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်က ကျောင်းသား/သူများအား ဗလငါးတန်ပြည့်စုံကြစေရန်အတွက် ပိုမိုကြိုးစားကြရန်၊ စာပေများပိုမို့ဖတ်ရှုလေ့လာကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ အသီးသီးလက်ခံရယူခဲ့ကြသည်။ အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှမြင့်၊ မြို့နယ်တရားသူကြီး ဦးထက်အာကာလှိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးသန်းစိုးလွင်၊ ဒုတိယမြိုနယ်ပညာရေးမှူး ဦးမျိုးနိုင်၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)