ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌(၇၈) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ထားဝယ်  ဇူလိုင်  ၁၈

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့်( ၇၈) နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓါတ်နှင့်နိုင်ငံချစ်စိတ်ဓါတ်များထက်သန်စေရန်၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိစေရန်အတွက် အသက်ကိုပဓာန မထားပဲစွန့်လွှတ်အနစ်နာခံခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီး များကို လေးစားမြတ်နိုး တန်ဖိုးထားတတ်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်မည့်(၇၈)နှစ်မြောက် အာဇာနည်နေ့ကိုဂုဏ်ပြုသည့် အနေဖြင့်ကျင်းပ ခြင်းဖြစ်ကြောင်း၊ နောင်တစ်ချိန်နိုင်ငံအကြီးအကဲဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလို ဇွဲ၊ လုံ့လ၊ ဝိရိယရှိသူ၊ သတ္တိရှိသူများဖြစ်လာအောင်ကြိုးစားကြရမှာဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကြောင်းကို အကျဉ်း ချုပ် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာစာသတ်ပုံအမှန် ညဏ်စမ်း အားပါဝင်ယှဉ်ပြိုင်ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆရာမများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော (Mini Museum) ပြတိုက်ငယ်၌  ထားဝယ်လူမျိုးများ၏ အထင်ကရပုဂ္ဂိုလ်များ၏ အထ္တုပတ္ထိများ၊ ထားဝယ်ခရိုင်အတွင်းရှိသမိုင်းဝင်ရှင်ကို ရှင်ဘုရားဓာတ်ပုံများ၊ ထားဝယ်တိုင်းရင်းသားယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းမျာနှင့် လက်မှုအနုပညာ ပစ္စည်းများ၊ ဒေသမှထွက်ရှိသော လူသုံးကုန်များ၊ လှပသာယာသော ကမ်းခြေများ၊ထားဝယ်ရိုးရာ အိမ်အပါအဝင် စသည့်တို့ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)