မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မောဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍အခမ်းအနားကိုဖွင့်လှစ်ကာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ စွန်းလွန်းကျောင်းဆရာတော် ဦးအာသဘထံမှ ငါးပါးသီလဆောက်တည်ကာ ဆရာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ချီးမြှင့်ပြီးနောက် ဆရာတော်သံဃာတော် များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို မြို့နယ်အတွင်းရှိ သံဃနာယက ဆရာတော်ကြီးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ သံဃတော်များ၊ စုစုပေါင်း (၁၂၈) ပါးနှင့်သီလရှင် ဆရာကြီး/ ဆရာလေး (၅) ပါးတို့အတွက် အတွက် (၁)ပါးလျှင် သင်္ကန်းတစ်စုံ (၅၀၀၀၀) ကျပ်နှင့် ဝတ္ထုငွေ(၁၀၀၀၀)ကျပ် စုစုပေါင်းတန်ဖိုးငွေ (၇၈၀၀၀၀၀)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃနာယက ဒု/ဥက္ကဋ္ဌဆရာတော်နှင့်အကျိုးတော်ဆောင် ဆရာတော်ထံမှ ဩဝါဒ ကထာများ မိန့်ကြားခဲ့သည်။ ထို့နောက် တွဲဘက်အကျိုးတော် ဆောင်ဆရာတော်ထံမှ အနုမောဒနာတရားတော်များ နာယူပြီး ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဥတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲကိုမောင်