မုံရွာ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲ က မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အားကစာနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်နှင့် မုံရွာမြို့ပေါ်မှ အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ စုစုပေါင်းအင်အား ၈၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အားကစာနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ခရေပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် ခရေ ၁၅ ပင်၊ မယ်ဇယ့် ၃၀ ပင်၊ မယ်ဇလီ ၃၀ ပင်၊ ကိုက္ကိုယ် ၂၀ ပင်၊ တမာ ၂၀ ပင်၊ ဗန်ဒါ ၁၁ ပင်စသည့် တစ်ပေနှင့်အထက် နှစ်နစ်သားအရွယ်ရှိ အရိပ်ရပျိုးပင် စုစုပေါင်း (၁၂၆) ပင်ကို စုပေါင်းစိုက်ပျိုးခဲကြောင်း သိရသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အားကစာနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးကြသူများ အား လဖက်ရည်၊ ဆီထမင်း၊ အကြော်စုံတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)