ဖျာပုံ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ Capital Connect Ltd နှင့် ဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီတို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် EOS စနစ် အသုံးပြုရာတွင် လိုအပ်သော စနစ်ထည့်သွင်းခြင်းနှင့် သင်တန်းပေးခြင်းလုပ်ငန်းစဥ်များကို စားသုံးဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စား လှယ်များအား စားသုံးဆီ ဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ် (Software)အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက အဖွင့်အမှာစကားပြောကြားပြီး Capital Connect Ltd မှ တာဝန်ရှိသူများက စားသုံးဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်များအား စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်သည့်စနစ်(Software)အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်းများကို Projector ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ဖုန်းဖြင့်(Software) ရေးသွင်းခြင်း၊ အသုံးပြုခြင်းများကို ရှင်းလင်းဆွေးနွေးသင်ပြကြသည်။
အဆိုပါသင်တန်းသို့ ဖျာပုံခရိုင်းအတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များမှ စားသုံးဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်