စစ်ကိုင်း ဇူလိုင် ၁၇
စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ် (၇၀၀) အားကစားကွင်း၊ စည်းခုံကြီးဘုရား၊ မြို့ပြနှင့်အိမ်ယာဝင်းတို့တွင် သုံးနေရာခွဲ၍ ဌာနဆိုင်ရာအဖွဲ့များမှ ထောက်ပံ့ငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ပြည်သူများ၏နေအိမ်တစ်စိတ်တစ်ပိုင်းပြို (၂၄၇၂)လုံး၊ လုံးဝပြိုသည့် အိမ်(၇၉၀)လုံး၊ စုစုပေါင်း (၃၂၆၂)အိမ် ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ
ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ် (၁၁,၆၅၇.၂၆၉၄) သန်းကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်နေမှုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်