မအူပင် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဆွေမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ လူငယ်နှင့်စာရိတ္တဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဟန်လင်းထွဋ်မှ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာများအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ်ဇင်မာခိုင်မှ ကိုယ်ကာယကျန်းမာ ကြံ့ခိုင်စေရေးအကြောင်းအရာများအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဆွေနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ကြရာ တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)