ကြံခင်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်သည့်စနစ်(Software) အတွင်း မှတ်ပုံတင်ခြင်းနှင့် စနစ်အသုံးပြုနည်းအား ရှင်းလင်းဟောပြောပွဲပြုလုပ်ခဲ့သည်။
ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းမော်၊ ဆီလက်ကား ကိုယ်စားလှယ် ဦးထွန်းထွန်းဦးတို့က Capital Connect,Ltd၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီတို့မှပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် EOS စနစ်အသုံးပြုရာတွင် လိုအပ်သောစနစ်ထည့်သွင်းခြင်းကို ဇွန်လ ၄ ရက်နေ့မှစ၍ ပုသိမ်ခရိုင်မှစတင်ကာ သင်တန်းပေး ဆောင်ရွက်လျက်ရှိကြောင်း၊ EOS စနစ်ထည့်သွင်းရာတွင် လက်ကား/ လက်လီ ကိုယ်စားလှယ်များ၏ မှတ်ပုံတင် မိတ္တူ (ရှေ့၊နောက်)၊ လိုင်စင်ဓာတ်ပုံဆိုင်၊ ဓာတ်ပုံများလိုအပ်ပြီး စနစ်ထည့်သွင်းရန် Android ဖုန်းအမျိုးအစားလိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆီလက်ကားကိုယ်စားလှယ်နှင့် ကြံခင်းမြို့နယ်အတွင်းရှိ စားသုံးဆီ လက်ကား/ လက်လီ ရောင်းချနေသည့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)