ငဖဲမြို့နယ် ပဒါန်း(အ.ထ.က)တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကျင်းပ

ငဖဲ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပဒါန်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုင်မျိုးမျိုးဆန်းက (၇၈)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ သိကောင်းစရာများအား အသိပညာပေးပြောကြားပြီး ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ အာဇာနည်ထုံးနှလုံးမူမည်ခေါင်းစဉ်ဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ အထက်တန်းဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ (၂၂) ဦး၊ လေးမြတ်ပါသည် အာဇာနည်ခေါင်းစဉ်ဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ အလယ်တန်းဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ (၅၅) ဦး၊ အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ မူလတန်းဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ (၇၂) ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၁၄၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူများကို ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)