လပွတ္တာမြို့နယ်၌ မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်းအခမ်းအနားကျင်းပ

လပွတ္တာ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ လပွတ္တာမြို့နယ်၊ မြို့မရှမ်းစုကျေးရွာတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ် ရှမ်းစုကျေးရွာကွင်းအမှတ်(၁၆/၂) ဦးပိုင်အမှတ်-၅၈၂ တောင်သူဦးကိုရှင်၏ လယ်မြေတွင်ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ရေဆင်းပေါ်ဆန်း(၂)စပါးမျိုးကို ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း အခမ်းအနားကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအောင်က ပျိုးဗန်းဖြင့် ပျိုးထောင်ထားခြင်းကြောင့် လုပ်အားနှင့် အချိန်သက်သာခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် လပွတ္တာမြို့နယ် အောက်ချောင်းကျေးရွာ ကွင်းအမှတ်(၁၃/၁)၊ ဦးပိုင်အမှတ်-၅၈၁(က) တောင်သူ ဒေါ်ရင်ရွှေ၏ လယ်မြေ(၇)ဧကတွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (C.S) ထုတ်လုပ်ရန် ၆ တန်း ၁ တန်းလှပ် ပေါ်ဆန်းရင်စပါးမျိုးအား လက်ဖြင့်စိုက်ပျိုး‌နေမှုအား လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် သဲကုန်းကျေးရွာ ကွင်းအမှတ်(၄/၁)၊ ဦးပိုင်အမှတ်-၅၈၁(က) တောင်သူဦးမြင့်နိုင်၏ လယ်မြေ(၃)ဧကတွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (C.S) ထုတ်လုပ်ရန် ပေါ်ဆန်းရင်စပါးမျိုး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)