အိမ်မဲ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ အ.မ.ကသာယာကုန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အာဇာနည် (၉)ဦးအကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးရန်မသင့်သောအစားအစာများ၊ စားသုံးသူများ၏ အခွင့်အရေးများ အကြောင်းတို့ကိုလည်းကောင်း အသီးသီးအကျယ်တဝင့် ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ကြပြီး အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်ပြပွဲများ၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ချစ်သက်လယ်