ပွင့်ဖြူမြို့နယ်၌ သံပုရာပင်သီးနှံ စိုက်ပျိုးကြသူများ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် သံပုရာပင်သီးနှံ စိုက်ပျိုးလုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းပြီး တစ်နှစ်ပတ်လုံး သံပုရာသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ဒေသက စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် တောင်သူအများစုက မိသားစုဝင်ငွေတိုးပွားစေရန် မြေအောက်ရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ မြေအောက်ရေနဲ့ သီးနှံများ စိုက်ပျိုးရာမှာ သံပုရာသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြတဲ့ တောင်သူတွေ အောင်မြင်ဖြစ်ထွန်းပြီး သံပုရာသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရပြီး မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေကြတယ်။ နောက်ပြီး သံပုရာသီးနှံက စနစ်တကျ စိုက်ပျိုးမည်ဆိုပါက တစ်နှစ်ပတ်လုံး ဝင်ငွေ ရရှိနိုင်တာဖြစ်လို့ တောင်သူတွေအနေနဲ့ ဝင်ငွေတိုးပွားအောင် စိုက်ပျိုးလုပ်ကိုင်သင့်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

သံပုရာပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် အစေ့ချစနစ်ဖြင့် စိုက်ပျိုး၍ ရသလို မျိုးဆက်ပွား ကိုင်းကူးနည်းစနစ်ဖြင့်လည်း စိုက်ပျိုး၍ရကြောင်း၊ အစေ့ချစနစ်နဲ့ စိုက်ပျိုးရာတွင် စိုက်ပျိုးရန် တစ်ပေခွဲပတ်လည် မြေကျင်းများ တူးပြီး နွားချေး၊ မြေဆွေး၊ ဖွဲပြာ တို့ကို ရောနှောထည့်ကာ ရေအစိုဓာတ်ရအောင် ပြုလုပ်၍ စိုက်ပျိုးနိုင်ပြီး ပင်ခြားတန်းခြားကို အနည်းဆုံး ပေ မှ ၁၀ ပေခန့်ထား၍ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ()နှစ်အကြာတွင် အသီးအပွင့်များ စတင်ထွက်ရှိကာ သံပုရာသီးများ ကြီးထွားဖွံ့ဖြိုးစေရန်နှင့် အထွက်နှုန်း မလျော့နည်းစေရန် သံပုရာပင်အား အပင်အားဆေးနှင့် ပိုးသတ်ဆေးတို့ကို ပက်ဖျန်းပေးခြင်း၊ မြေဩဇာနှင့် သဘာဝစိုက်ပျိုးရေး သွင်းအားစုများ ထည့်သွင်းခြင်းတို့ကို ပြုလုပ်ပေးရကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် သံပုရာသီးများ လှိုင်လှိုင်ထွက်ရှိပြီး သီးနှံဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး အချို့တောင်သူများက သီးနှံအပိုဝင်ငွေ ရရှိစေရန် မြေအောက်ရေဖြင့် မိမိတို့၏ နေအိမ်ခြံဝန်း မြေကွက်လပ်များနှင့် သီးနှံစိုက်ပျိုးမြေများတွင် သံပုရာပင်သီးနှံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သံပုရာသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရသဖြင့် မိသားစုဝင်ငွေတိုးပွား၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )