ကျောင်းကုန်းမြို့၌ သဘာဝရေပြင်နှင့်အင်းချောင်းများအတွင်းသို့ ငါးကောင်ရေ(၄)သိန်း ငါးမျိုးထပ်မံစိုက်ထည့်

ကျောင်းကုန်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၊ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်းသို့ ယနေ့နံနက် ၈း၃၀ နာရီအ ချိန်ခန့်က ဒုတိယအကြိမ် ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းငါးလုပ်ငန်းဦးစီးမှူးများ၊ ပုသိမ်ခရိုင် ငါးသားဖောက်စခန်းတာဝန်ခံနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးလုပ်ငန်း ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်းသို့ ငါးမြစ်ချင်းကောင်ရေ(၂၀၀၀၀၀) နှင့် ငါးခုံးမကြီးကောင်ရေ(၂၀၀၀၀၀)၊ စုစု ပေါင်းကောင်ရေ (၄)သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်