အိမ်မဲ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင်းရောင်းချလျက်ရှိသည့် ရွှေဆိုင်များ၊ စားသောက်ဆိုင်များ၊ ဖုန်းဆိုင်များ၊ တည်းခိုခန်းများတွင် အခွန်ဆိုင်ရာအသိပညာပေးဗီနိုင်းချိတ်ဆွဲ ထားရှိမှုအားတာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမြကျော်နှင့်အတူ အဆိုပါနေရာများ၌ “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ချိတ်ဆွဲထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)