ကျွန်းလှ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် စမ်းသတ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးသန့်ဇင်ထွန်းက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က မဲပေးစက်ဖြင့် မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်၊ အကျိုးကျေးဇူးနှင့် လုံခြုံစိတ်ရခြင်းအကြောင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)