သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းလေပြင်းတိုက်ခတ်၍ နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဘိုးများပေးအပ်

သာပေါင်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဆောင်ဘုံကျေးရွာအုပ်စု၊ ကျွန်းပုလုကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံးတို့ရှိ မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဘိုးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၁)လုံး၊ အမိုးလန်နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၃၀၀၀၀) ကျပ်၊ အိမ်ထောင်(၂)စုရှိ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဘိုး (၄၀၀၀၀)ကျပ် ပေါင်းငွေ (၁၇၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး တို့ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးကိုတို့က ဘေးသင့်မိသားစုများလက်ဝယ်သို့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး