ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ပေါင်းတည် ဇူလိုင် ၁၆

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းဆင့်စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအေခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နှင်းနုနွယ်က (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ဆက်လက်၍ ပေါင်းတည်မြို့နယ်၊ ၁၁လမ်း အခြေခံပညာမူလတန်းကျောင်းမှ Grade-4၊ Grade_5 ကျောင်းသား၊ ကျောင်းသူ ၂၀ဦးက“အာဇာနည်နေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများကိုယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲ၀င်ကျောင်းသား၊ ကျောင်းသူများအားလုံးအား ဗလာစာအုပ်နှင့်ဘောလ်ပင် လက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်၊ စာစောင်များနှင့်အသိပညာပေး နံရံကပ်စာစောင်များအားကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေသား