ဆိပ်ဖြူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြစ်ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာများနှင့် မြစ်ရေဝင်ရောက်နိုင်သည့် နေရာများအား ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းအား ယမန်နေ့ မွန်လွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ဧရာဝတီမြစ်ရေသည် ဆက်လက်မြှင့်တက်လျက်ရှိပြီး ချောက်မြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်အသိပေးချက်များအရ ချောက်မြို့၏ ဧရာဝတီမြစ် (သတ်မှတ်) စိုးရိမ်ရေအမှတ် (၄၇ ဒဿမ ၄၇)ပေ ဖြစ်ပြီး လက်ရှိရောက်ရှိလျက်ရှိသော မြစ်ရေအမှတ် (၄၇ ဒဿမ ၂၈) ပေ သို့ရောက်ရှိလျက်ရှိကြောင်းသိရသည်။
ဧရာဝတီမြစ်ကမ်းဘေး ချောက်မြို့နယ်နှင့် ဆက်စပ်လျက်ရှိသည့် ဆိပ်ဖြူမြို့နယ်၏ ကျေးရွာအချို့တွင် မြစ်ရေဝင်ရောက်လျက်ရှိသည့်အတွက် မြစ်ရေဆက်လက်ဝင်ရောက်နိုင်သည့် ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှောင်ရှားနေထိုင်နိုင်ရေးအသိပညာပေးလုပ်ငန်းများကို မြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေကြီးရေလျှံခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးများကွင်းဆင်း အသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးခြင်း လက်လမ်းစာစောင်များဖြင့် ဖြန့်ဝေအသိပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)