သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးကျန်းမာရေး ဟောပြောပွဲ ကျင်းပ

သရက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ကျန်းမာရေးစစ်ဆေးခြင်းနှင့်အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်း  မီးသွေးပုတ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းကျန်းမာရေးကလေးအရာရှိ ဒေါ်စန်းစန်းသင်း၊ ကျန်းရေးမှူ(၂) ဦးမင်းနိုင်နှင့် သားဖွားဆရာမ ဒေါ်မြင်မြင့်ဝေတို့က ကျောင်းသူများကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ဟောပြောပေးခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး တစ်ဦးချင်းကျောင်းကျန်းမာရေး မှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သွားဆရာဝန်က ကျောင်းသား/ကျောင်းသူများအား သွားကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး သွားနှုတ်ရန်ရှိသည့် ကျောင်းသား/ကျောင်းသူများအား  သွားများနှုတ်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)